ထိုင်းနိုင်ငံရောက် တရားမဝင်ရွှေ့ပြောင်းလုပ်သားတွေ အများဆုံးကြုံတွေ့ရမယ့် အခက်အခဲများ

0

ထိုင်းနိုင်ငံကို မြန်မာရွှေ့ပြောင်းလုပ်သားတွေ ပြောင်းရွှေ့အခြေချမှုက ဆယ်စုနှစ်များစွာကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ မြန်မာအလုပ်သမား နှစ်သန်းကျော်ရှိနေတယ်လို့ East Asia Forum က ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းမှာ ထုတ်ပြန်တဲ့ စာရင်းတွေအရ သိရပြီး မြန်မာနဲ့ ထိုင်းနိုင်ငံအကြား တရားဝင် နားလည်မှု စာချွန်လွှာအရ အလုပ်ခန့်ထားတဲ့ အလုပ်သမားအရေအတွက်က (၃၅၀,၀၀၀) လောက်သာရှိပြီး တရားမဝင် ဝင်ရောက်နေထိုင်သူ သိန်းဂဏန်းရှိမယ်လို့လည်း ခန့်မှန်းထားပါတယ်။

နိုင်ငံရေးမငြိမ်သက်မှုတွေကြောင့် ထွက်ပြေးလာကြသူတွေ၊ စီးပွားရေးအရ ရွှေ့ပြောင်းနေထိုင်သူတွေနဲ့ ဒုက္ခသည်တွေအပါအဝင် မြန်မာနိုင်ငံက လူအများအပြားက ပိုမိုကောင်းမွန်တဲ့ အခွင့်အလမ်းနဲ့ ဘေးကင်းရေးကို ရှာဖွေဖို့အတွက် နယ်စပ် ဖြတ်ကျော်ဝင်ရောက်လာခဲ့ကြတာလည်း ဖြစ်ပါတယ်။ ပန်းရောင်ကတ်၊ တောင်ပေါ်သားကတ်နဲ့ CI တို့လို အထောက်အထားတွေနဲ့ နေထိုင်နေကြတဲ့ မြန်မာရွှေ့ပြောင်းတွေရှိသလို တရားမဝင်နေထိုင်နေကြတဲ့ မြန်မာရွှေ့ပြောင်းတွေလည်း အမြောက်အများရှိနေပါတယ်။ ဒီလိုရွှေ့ပြောင်းနေထိုင်လုပ်ကိုင်ရာမှာ ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ကြုံတွေ့နေရတဲ့ အဖြစ်အများဆုံး အခက်အခဲတချို့ကို ဖော်ပြပေးလိုက်ပါတယ်၊

(၁) တရားဝင်မူအခြေအနေ – ရွှေ့ပြောင်းနေထိုင်သူအများစုဟာ တရားဝင်နေထိုင်ခွင့် စာရွက်စာတမ်းတွေ မရှိတာကြောင့် သူတို့ကို လုပ်အားခခေါင်းပုံ ဖြတ်တာတွေနဲ့ လုပ်အားအလွဲသုံးစားလုပ်တာတွေကို ခံရနိုင်ပါတယ်။ တရားမဝင်နေထိုင်နေတာကြောင့် ဖမ်းဆီးထိမ်းသိန်းခံရတာတွေ(သို့မဟုတ်) အချိန်မရွေး ပြည်နှင်ဒဏ်ပေးတာတွေကို ခံနိုင်ရခြေ ရှိပါတယ်။

(၂) ဝန်ဆောင်မှုများ ရရှိနိုင်မှုခက်ခဲခြင်း – တရားမဝင်နေထိုင်နေရတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေက သူတို့ရဲ့ တရားမဝင်အခြေအနေနဲ့ ဘာသာစကား အတားအဆီးတွေကြောင့်ကျန်းမာရေး စောင့်ရှောက်မှု၊ ပညာရေးနဲ့ အခြားမရှိမဖြစ် လိုအပ်တဲ့ဝန်ဆောင်မှုတွေကို ရရှိနိုင်ဖို့ အကန့်အသတ်တွေ ရှိနေပါတယ်။

(၃) အလုပ်အကိုင် စိန်ခေါ်မှုများ – ရွှေ့ပြောင်းအလုပ်သမားအများစုဟာ လုပ်ခနည်းပြီး မကြာခဏ ခေါင်းပုံဖြတ်ခံရတဲ့ အလုပ်အခြေအနေတွေမှာပဲ အလုပ်လုပ်ကြရပြီး အလုပ်ချိန်ကြာမြင့်မှု၊ လစာမလုံလောက်မှုနဲ့အနည်းဆုံးသော လုပ်ငန်းခွင်လုံခြုံမှုစတဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်နေရပါတယ်။

(၄) ခွဲခြားဆက်ဆံမှုနှင့် လူမှုရေးဆိုင်ရာ ချန်လှပ်ခြင်း – ရွှေ့ပြောင်းနေထိုင်သူတွေအနေနဲ့ လုပ်ငန်းခွင်အတွင်း ခွဲခြားဆက်ဆံမှု၊ လူမှုရေးဆိုင်ရာ ခွဲခြားဆက်ဆံခံရမှုနဲ့ အထီးကျန်ဆန်မှုတွေကို ထိုင်းလူ့အဖွဲ့အစည်းအတွင်းမှာ ကြုံတွေ့ရနိုင်ပါတယ်၊

(၅) ဘာသာစကားအတားအဆီး – ဘာသာစကားဆိုင်ရာ ဆက်သွယ်ရေးအခက်အခဲတွေက ဝန်ဆောင်မှုတွေကို ရယူသုံးစွဲနိုင်မှု၊ သူတို့ရဲ့အခွင့်အရေးတွေနဲ့ နေ့စဉ်ဘဝနေထိုင်မှုလမ်းကြောင်းတွေကို အနှောင့်အယှက်ဖြစ်စေပါတယ်။

(၆) ကျန်းမာရေးနှင့် လုပ်ငန်းခွင်ဘေးကင်းမှု – လုပ်ငန်းခွင်အခြေအနေ ညံ့ဖျင်းတာတွေ၊ ကျန်းမာရေးစောင့်ရှောက်မှု ရရှိနိုင်မှု နည်းပါးတာတွေနဲ့ လုပ်ငန်းခွင်ဘေးကင်းမှုဆိုင်ရာ စောင့်ရှောက်မှု နည်းပါးတာတွေက ရွှေ့ပြောင်းနေထိုင်သူတွေအတွက် ကျန်းမာရေးကိစ္စတွေနဲ့ လုပ်ငန်းခွင်ဘေးကင်းမှုတွေ နည်းပါးစေမှာ ဖြစ်ပါတယ်။

Source: East Asia Forum

Photo: Tak Immigration / ထိုင်းနိုင်ငံသို့ တရားမဝင်,ဝင်ရောက်လာသည့် မြန်မာရွှေ့ပြောင်းလုပ်သားများ

Leave a Reply

Your email address will not be published. Required fields are marked *