Human migration (လူများအစုလိုက်အပြုံလိုက် ပြောင်းရွှေ့ခြင်း)
လူသားရွှေ့ပြောင်းခြင်းဆိုတာ တည်နေရာအသစ် (ပထဝီဝင်ဒေသ)မှာ အခြေချနေထိုင်ဖို့ ရည်ရွယ်ချက်နဲ့ တနေရာကနေ တစ်နေရာကို လူအများ ရွေ့ပြောင်းသွားကြတာ ဖြစ်ပါတယ်။
အဲဒီရွေ့ပြောင်းမှုတွေက ကိုယ့်နိုင်ငံထဲမှာပဲ ရေကြည်ရာမျက်နုရာ ရှာဖွေတဲ့အနေနဲ့ ရွှေ့ပြောင်းကြတာဖြစ်သလို နိုင်ငံတခုကနေ တခြားနိုင်ငံတခုကို(ပြည်ပနိုင်ငံတွေကို ရွှေ့ပြောင်းနေထိုင်တာ)ပြောင်းရွှေ့နေထိုင်တာတွေ ဖြစ်ပွားလေ့ရှိပေမယ့် ကမ္ဘာတစ်ဝှမ်းမှာဖြစ်ပေါ်နေတဲ့ လူသားရွှေ့ပြောင်းနေထိုင်မှုပုံစံအများစုက ပြည်တွင်းမှာ ရွှေ့ပြောင်းနေထိုင်ကြတာများပါတယ်။
တဦးချင်းပဲဖြစ်ဖြစ်၊ မိသားစုလိုက်ရွှေ့ပြောင်းနေထိုင်တာပဲဖြစ်ဖြစ် နှစ်ခုစလုံးက ပိုမိုကောင်းမွန်တဲ့ လူမှုပတ်ဝန်းကျင်ရရှိဖို့ ရွှေ့ပြောင်းကြတာဖြစ်ပြီး ဆင်းရဲမွဲတွေမှုကနေ လွတ်မြောက်ဖို့ဆိုတဲ့ ရည်ရွယ်ချက်လည်း ပါရှိပါတယ်။
ဒီလိုရွှေ့ပြောင်းနေထိုင်တဲ့နေရာမှာ အသက်အရွယ်ဟာလည်း အလုပ်နဲ့ အလုပ်မဟုတ်တဲ့ ရွှေ့ပြောင်းနေထိုင်တာတွေအတွက်လည်း အရေးပါတယ်လို့ ဆိုပါတယ်။
ရွှေ့ပြောင်းနေထိုင်တာတွေမှာ အဓိကပုံစံ လေးမျိုးရှိပါတယ်။ အဲဒါတွေကတော့ ကျူးကျော်ခြင်း၊ သိမ်းပိုက်ခြင်း၊ ကိုလိုနီပြုခြင်းနဲ့ ရွှေ့ပြောင်းအခြေချတဲ့ ပုံစံတွေမှာ လူတွေက တဦးချင်း၊ မိသားစုအလိုက်(သို့မဟုတ်) အုပ်စုကြီးတွေနဲ့ပြောင်းရွှေ့ နေထိုင်လေ့ရှိပါတယ်။
၂၀၂၀ ခုနှစ်မှာ နိုင်ငံတကာကို ရွှေ့ပြောင်းအခြေချမှုက ၂၈၁ သန်းဝန်းကျင်ရှိခဲ့တယ်လို့ ကမ္ဘာလုံးဆိုင်ရာ ရွှေ့ပြောင်းမှုခန့်မှန်းချက်တွေအရ သိရပါတယ်။ အဲဒီလိုရွှေ့ပြောင်းမှုက ကမ္ဘာ့လူဦးရေရဲ့ ၃.၆ ရာခိုင်နှုန်းရှိခဲ့ပါတယ်။
ဒီပမာဏဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ် ငါးစုအတွင် သုံးဆလောက်တိုးလာခဲ့တာလည်း ဖြစ်ပါတယ်။
Source : UNDP
Photo : UNHCR/ မြန်မာ-ထိုင်းနယ်စပ်ရှိ ဒုက္ခသည်စခန်းတခု မြင်ကွင်း