Month: March 2024

ထိုင်းရောက် မြန်မာရွှေ့ပြောင်းတွေရဲ့ ခါးသီးတဲ့ အမှန်တရား (၂)

ရွှေ့ပြောင်းမှုဆိုင်ရာ စိန်ခေါ်မှုများ တရားဝင်စာရွက်စာတမ်းတွေနဲ့ ရွှေ့ပြောင်းနေထိုင်တာ ပိုကောင်းမွန်ပေမယ့် ငွေကြေးဆိုင်ရာ အကန့်အသတ်ရှိသူတွေအတွက်တော့ ဒီကိစ္စက အခက်အခဲတခု ဖြစ်နေဆဲဖြစ်ပါတယ်။ ဒါ့အပြင် ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး ယုံကြည်ရလောက်တဲ့ သတင်းအချက်အလက်တွေ အနည်းငယ်ပဲရှိသေးပါတယ်။ (၉၅) ရာခိုင်နှုန်းသော ရွှေ့ပြောင်းလုပ်သားတွေက...

ထိုင်းရောက် မြန်မာရွှေ့ပြောင်းတွေရဲ့ ခါးသီးတဲ့ အမှန်တရားများ (၁)

တရားဝင်အထောက်အထား၊ စာရွက်စာတမ်းမရှိဘဲ ထိုင်းနိုင်ငံကို ရွှေ့ပြောင်းလုပ်ကိုင်နေတဲ့ မြန်မာလုပ်သားအများစုရဲ့ လုပ်ငန်းခွင်အခြေအနေတွေက အခြေခံအကျဆုံးအဆင့်မှာဘဲရှိနေပြီး ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေကို အများတန်းတူရရှိနိုင်ဖို့ အခက်အခဲတွေ ရှိနေဆဲဖြစ် နေရပ်ကို ပြန်ပို့ခံရနိုင်တဲ့ အခြေအနေတွေကြုံတွေ့နေရတယ်လို့ UNDP စစ်တမ်းတခုမှာ ဖော်ပြထားပါတယ်။ ဒါပေမယ့် အလုပ်သမားရှားပါးမှု ပြဿနာကိုကြုံတွေ့နေရတဲ့...

ထိုင်းနိုင်ငံရောက် တရားမဝင်ရွှေ့ပြောင်းလုပ်သားတွေ အများဆုံးကြုံတွေ့ရမယ့် အခက်အခဲများ

ထိုင်းနိုင်ငံကို မြန်မာရွှေ့ပြောင်းလုပ်သားတွေ ပြောင်းရွှေ့အခြေချမှုက ဆယ်စုနှစ်များစွာကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ မြန်မာအလုပ်သမား နှစ်သန်းကျော်ရှိနေတယ်လို့ East Asia Forum က ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းမှာ ထုတ်ပြန်တဲ့ စာရင်းတွေအရ သိရပြီး မြန်မာနဲ့ ထိုင်းနိုင်ငံအကြား...

အဆင်အပြေဆုံး ရွှေ့ပြောင်းနေထိုင်မှုဖြစ်အောင် ဘယ်လိုလုပ်မလဲ ?

ရွှေ့ပြောင်းနေထိုင်တယ်တယ်ဆိုတာ မထူးဆန်းတဲ့ ကိစ္စတခုပါ။ ဟိုးအရင်ကတည်းက လူသားတွေဟာ၊ ကောင်းမွန်တဲ့ ရာသီဥတု၊ အစားအသောက်၊ မြေဩဇာကောင်းတဲ့ စိုက်ပျိုးမြေတွေ ရရှိဖို့ တနေရာကနေတနေရာ၊ ရေကြည်ရာကို ပြောင်းရွှေ့နေခဲ့ကြတာပါ။ အခုလိုအချိန်ကာလမှာလည်း ရွှေ့ပြောင်းနေထိုင်သူတွေက ကိုယ့်ရဲ့မိခင်နိုင်ငံထဲမှာပဲ အလုပ်အကိုင်အခွင့်အလမ်းကောင်းတဲ့နေရာတွေကို ပြောင်းရွှေ့နေထိုင်လာကြသလို ပိုမိုကောင်းမွန်တဲ့...

Human migration (လူများအစုလိုက်အပြုံလိုက် ပြောင်းရွှေ့ခြင်း)

လူသားရွှေ့ပြောင်းခြင်းဆိုတာ တည်နေရာအသစ် (ပထဝီဝင်ဒေသ)မှာ အခြေချနေထိုင်ဖို့ ရည်ရွယ်ချက်နဲ့ တနေရာကနေ တစ်နေရာကို လူအများ ရွေ့ပြောင်းသွားကြတာ ဖြစ်ပါတယ်။ အဲဒီရွေ့ပြောင်းမှုတွေက ကိုယ့်နိုင်ငံထဲမှာပဲ ရေကြည်ရာမျက်နုရာ ရှာဖွေတဲ့အနေနဲ့ ရွှေ့ပြောင်းကြတာဖြစ်သလို နိုင်ငံတခုကနေ တခြားနိုင်ငံတခုကို(ပြည်ပနိုင်ငံတွေကို ရွှေ့ပြောင်းနေထိုင်တာ)ပြောင်းရွှေ့နေထိုင်တာတွေ ဖြစ်ပွားလေ့ရှိပေမယ့် ကမ္ဘာတစ်ဝှမ်းမှာဖြစ်ပေါ်နေတဲ့...

ထိုင်းနိုင်ငံမှာ အလုပ်လုပ်မယ်ဆိုရင် ….

အခုလိုကာလမှာ ထိုင်းနိုင်ငံကို ရောက်ရှိလာတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ နေထိုင်ရပ်တည်နေထိုင်ဖို့ အလုပ်အကိုင်အခွင့်အလမ်းတွေ ရှာဖွေလာကြပါတယ်။ ထိုင်းနိုင်ငံထဲမှာ တရားမဝင်အလုပ်လုပ်ကိုင်နေတဲ့သူတွေ ရှိသလို တရားဝင်ရောက်လာတဲ့သူတွေအတွက်လည်း ထိုင်းအစိုးရက အလုပ်အကိုင်တွေကို အကန့်အသတ်နဲ့ ခွင့်ပြုပေးထားတာ ရှိပါတယ်။ တကိုယ်ရည်အလုပ်ကိုင်ပဲဖြစ်ဖြစ်၊ စီးပွားရေးလုပ်ဖို့ပဲဖြစ်ဖြစ် ကန့်သတ်ချက်တွေရှိပါတယ်။ ဘယ်လိုစီးပွားရေးတွေပဲလုပ်လုပ်...