မဲဆောက်မှာ ကျောင်းထားမယ်ဆိုရင်
ရွှေ့ပြောင်းကျောင်း(Migrant School) တွေဆိုတာ မြန်မာ-ထိုင်းနယ်စပ်မှာရှိလာခဲ့တာ ရာစုနှစ်ဝက်နီးပါး ရှိလာနေပြီ ဖြစ်ပါတယ်။ ပြည်တွင်းစစ်ကြောင့် ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးလာကြသူ ဒုက္ခသည်မိသားစုတွေရဲ့ သားသမီးတွေတက်ရောက်ဖို့ ဖွင့်လှစ်ခဲ့ရာကနေ နောက်ပိုင်းမှာတော့ မြန်မာ့ရွှေ့ပြောင်းလုပ်သားတွေရဲ့ သားသမီးတွေအတွက်ပါ အားကိုးရတဲ့ ကျောင်းတွေဖြစ်လာပါတယ်။ မြန်မာနိုင်ငံမှာစစ်တပ်က အာဏာသိမ်းခဲ့ပြီးတဲ့...