Month: February 2024

မဲဆောက်မှာ ကျောင်းထားမယ်ဆိုရင်

ရွှေ့ပြောင်းကျောင်း(Migrant School) တွေဆိုတာ မြန်မာ-ထိုင်းနယ်စပ်မှာရှိလာခဲ့တာ ရာစုနှစ်ဝက်နီးပါး ရှိလာနေပြီ ဖြစ်ပါတယ်။ ပြည်တွင်းစစ်ကြောင့် ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးလာကြသူ ဒုက္ခသည်မိသားစုတွေရဲ့ သားသမီးတွေတက်ရောက်ဖို့ ဖွင့်လှစ်ခဲ့ရာကနေ နောက်ပိုင်းမှာတော့ မြန်မာ့ရွှေ့ပြောင်းလုပ်သားတွေရဲ့ သားသမီးတွေအတွက်ပါ အားကိုးရတဲ့ ကျောင်းတွေဖြစ်လာပါတယ်။ မြန်မာနိုင်ငံမှာစစ်တပ်က အာဏာသိမ်းခဲ့ပြီးတဲ့...

မဲဆောက်(သို့မဟုတ်) မြန်မာရွှေ့ပြောင်းတွေရဲ့ ဒုတိယ ရန်ကုန် -၂

မြန်မာနိုင်ငံမှာ စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေကို ကျင့်သုံးမယ်လို့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ကြေညာပြီးနောက်ပိုင်းမှာ ပြည်တွင်းမှာရှိတဲ့ လူငယ်အများအပြားဟာ ပြည်ပနိုင်ငံတွေကို ထွက်ခွာဖို့ ကြိုးစားလာကြပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံနဲ့ အနီးစပ်ဆုံးဖြစ်တဲ့ ထိုင်းနိုင်ငံကို နယ်စပ်လမ်းကြောင်း၊ လေယာဉ်လမ်းခရီးစဉ်တွေနဲ့ ထွက်ခွာဖို့...

Did you Know ?

သင်သိပါသလား ... ၂၀၂၀ ခုနှစ်မှာ တစ်ကမ္ဘာလုံးရဲ့ ရွှေ့ပြောင်းနေထိုင်မှုဟာ (၂၈၁) သန်း ရှိခဲ့ပါတယ်။အခုလို ရွှေ့ပြောင်းနေထိုင်မှုက ကမ္ဘာ့လူဦးရေ စုစုပေါင်းရဲ့ ၃.၆ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။အဲဒီ့ရွှေ့ပြောင်းလုပ်သားတွေရဲ့ မိခင်နိုင်ငံကို ပြန်လည်လွှဲပြောင်းပေးတဲ့ ငွေကြေးပမာဏဟာ ၂၀၂၂ ခုနှစ်မှာ...

ပန်းရောင်ကတ်အကြောင်း

ဖေဖော်ဝါရီ၊ ၁၄ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းအလုပ်သမားတွေအတွက်ထုတ်ပေးတဲ့ ပန်းရောင်ကတ်လုပ်ငန်းစဉ်တွေ ပြန်စနေပြီလို့ သိရပါတယ်။ ထိုင်းအစိုးရက တရားဝင်ထုတ်ပြန်တာတွေ မရှိသေးပေမယ့် နာမည်စာရင်း (Name List) ကောက်ခံတာတွေ စတင်ပြုလုပ်နေပြီလို့ သိရပါတယ်။ဒီအတွက် ပန်းရောင်ကတ်ပြုလုပ်ရတဲ့ လုပ်ငန်းစဉ် အသေးစိတ်ကို Myanmar Rhythm...

မဲဆောက်(သို့) မြန်မာရွှေ့ပြောင်းတွေရဲ့ ဒုတိယ ရန်ကုန်

မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းခဲ့ပြီးနောက်ပိုင်း အနီးအနားပတ်ချာလည်မှာရှိတဲ့ အိမ်နီးချင်းနိုင်ငံတချို့ကို မြန်မာနိုင်ငံကနေတိမ်းရှောင် ခိုလှုံတဲ့သူတွေ ရှိလာပါတယ်။ စစ်ကောင်စီက ဖမ်းဝရမ်းထုတ်လို့ နိုင်ငံရေးအရ ထွက်ပြေးတိမ်းရှောင်သူတွေ၊ အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုကြောင့် လွတ်မြောက်နယ်မြေ အသီးသီးကို ထွက်ပြေးလာရသူတွေ၊ တိုက်ပွဲတွေကြောင့်ထွက်ပြေးလာရသူတွေ စသဖြင့် ပုံစံအမျိုးမျိုးနဲ့ နီးစပ်ရာ...

သင်မသိသေးတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေအကြောင်း အချက် (၁၀) ချက်

ရွှေ့ပြောင်းအခြေချနေထိုင်တယ်ဆိုတာ ဒီနေ့ခေတ်မှာ သိပ်ကျယ်ပြန့်လာတဲ့ အရေးဖြစ်ပေမယ့် မသေချာတွေကလည်း ရှိနေပါသေးတယ်။ ဒါကြောင့် အရေးကြီးတဲ့ အကြောင်းအရာတွေကို သိရှိထားဖို့ လိုပါမယ်။ ဒါ့ကြောင့် သင်မသိနိုင်လောက်သေးတဲ့ ရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာ အချက်(၁၀) ချက်ကို တင်ပြလိုက်ပါတယ်။ ရွှေ့ပြောင်းနေထိုင်ခြင်းဆိုတာ အခုမှ အသစ်ဖြစ်လာတာမဟုတ်ပါဘူး။...